Feeds:
Posts
Comments

Archive for the ‘Rakhine Development’ Category

ကြွရောက်လာကတ်တေ ရခိုင်အမျိုးသားပုဂ္ဂိုလ်များထဲမှာ ကျွန်တော်ထက်အသက်ကြီးရေပုဂ္ဂိုလ်များကို ရှိခိုးပါရေ။ ကျွန်တော်ထက်အသက်ငယ်ရေပုဂ္ဂိုလ်ရို့ကို ကျွန်တော်အလေးအမြတ်ဂါရ၀ပြုပါရေ။ ကျွန်တော်ပြောဖို့စကားက ရခိုင်ပြည်မှာ ရခိုင်လူမျိုးရို့သည် နောင်ကိုဘဇောင်ကံကြမ္မာဖန်တီးပြီး နီကတ်ရဖို့လဲဆိုစွာကိုပြောဖို့စွာပါ။ ကကောင်းအရေးကြီးပါရေ။ အေစကားတိကို ကျွန်တော်ရို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌကြီး လူမျိုးစုများ၏နာယကကြီးဖြစ်တေ ဦးစောမြအောင်က ပြောလားခပါယာ။ တနာရီကျော်လောက်ပြောလားခတောင်မှမ၀သိမ့်။ ဇာဖြစ်လို့လဲဆိုကေ လိုရင်းတိကိုပြောစွာပါ။ ယင်းလိုရင်းတိမှာ တပုဒ်တပုဒ်စီ၏ဖွင့်ဆိုချက်စွာ ကကောင်းအများကြီးပါ။ ယကေ ပြောပြီးနားမလည်လိုက်ကေ ဒုက္ခရောက်ဖို့၊ နားမလည်လိုက်ကေ ဇဝေဇ၀ါဖြစ်ဖို့။ (more…)

Read Full Post »

 

ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်နှင့် ရိုးမတောင်အကြားရှိ ဒေသမှာ ရခိုင်ကမ်းမြောင်ဒေသ ဖြစ်သည်။ ယင်းဒေသသည် မြောက်ဘက်တွင် ကျယ်ပြန့် ပြိး တောင်ဘက်သို့  ကျဉ်းမြောင်းသွားသည်။ မြောက်မှတောင်သို့  သွယ်တန်းနေသည့်  ကမ်းမြောင်ဒေသဖြစ်သည်။ မိုးများပြိး သစ်တောထူထပ်သည်။ မြစ်ချောင်းပွားများပြိး ရေစီးသန်သည်။ ကန်းရိုးတန်းတစ်လျှောက် ကျောက်ဆောင်များသည်။ တောင်ကုန်းတောင်တန်းများသည် ခရီးသွားလာရေးကို ခက်ခဲစေသည်။

ယင်းတို့ မှာ ရခိုင်ကမ်းမြောင်ဒေသ၏ သဘာဝ အခက်အခဲများဖြစ်သည်။ ရခိုင်ဒေသ လမ်းပန်းဆက်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးမှာ သဘာဝအခက်အခဲများကြောင့် မဖြစ်ထွန်းနိုင်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ကြသည်။ ယင်းတို့ မှာ အုပ်ချုပ်သူ လူတန်းစားများ၏ လက်သုံးစကားဖြစ်ခဲ့သည်။ နှောင်းလူများကလည်း သံယောင်လိုက်၍ စကားဆိုကြသည်။

သို့ ရာတွင် Old Arakan အမည်ခံ သတင်းစာဆရာဟေးသည် စစ်တွေမှ မန္တလေးကိုဖြတ်ပြိး တရုတ်ပြည်အထိ မီးရထားလမ်း ဖောက်လုပ်ရေးကိစ္စကို သတင်းစာမှလည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြ၍လည်းကောင်း အထူးအလေးပေးပြီး ကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်သည်။ (more…)

Read Full Post »