Feeds:
Posts
Comments

ဒီခေတ်မှာ အလှူသွားရင် အလှူရှင်ရဲ့နောက်ကြောင်းရာဇဝင်ကို အသေအချာလေ့လာပြီးမှ အလှူသွားဖို့ လိုပြီ။ မဟုတ်ရင်တော့ ရခိုင်ပညာရှင် မဟာပညာကျော်နှင့်တွေ့ သွားရင် “စားစရာမရှိ၊ လျော်စရာရှိ” ဖြစ်သွားမယ်။ ဇာတ်ကြောင်းလေးကတော့ ဒီလိုပါ….. Continue Reading »

ရခိုင်အမွေဓမ္မသတ်လာ အမွေခွဲဝေပုံများ

မိဘဘိုးဘွားတို့ ၏ အမွေဟူသည်ကား သားသမီးမြေးမြစ်တို့ အဖို့  ခံစားအပ်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အမွေဆိုရာ၌ မိဘဘိုးဘွားပိုင် ဥစ္စာပစ္စည်း ကျွဲနွားဆင်မြင်း၊ လယ်ယာခြံမြေနှင့် အိမ်ယာအဆောက်အအုံ စသည်တို့ ကို ဆိုလိုပါသည်။ မိဘဘိုးဘွားပိုင်အမွေအနှစ်များကို သက်ဆိုင်ရာ သားသမီးမြေးမြစ်တို့ က ဆက်ခံထိမ်းသိမ်းကြရသည်။ ခွဲဝေခံစားကြရသည်။ ဤသည်ပင်လျှင် ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမှူအစဉ်အလာတစ်ရပ်ဖြစ်သည်။

ရှေးရခိုင် ဘိုးဘွားလူကြီးသူမြတ်တို့ သည် အမွေခွဲဝေရာ၌ ရှေးမူရှေးဟန်များကို မပယ်ဘဲ၊ ရှေးထုံးရှေးဟန်များနှင့်အညီ အမွေများကို ခွဲဝေဆုံးဖြတ်ခဲ့ကြသည်။ တရားမျှတမှုရှိအောင်လည်း ဆောင်ရွတ်ခဲ့ကြသည်။ Continue Reading »

ရခိုင်ပြည့်ရှင် မဟာသမ္မတမင်းကို ဖမ်းယူပင့်ဆောင်သွားပြီးနောက် ဒါးပိုင်ကြီးယောက်ဖတော် ကျော်ပုံသည် ရခိုင်ပြည်သူအပေါင်းတို့ နှင့် မြန်မာတို့ ကိုတိုက်မည်ဟု သက္ကရာဇ် (၁၁၄၆)ခု တပေါင်းလတွင် ချီလာသော် မြန်မာမြို့ ဝန် နန္ဒပကျန်က ဆီးခံ၍တိုက်လေလျှင် ရခိုင်တို့  စစ်ပျက်စီး၍ ပြေးကြလေ၏။

ကျိန်းအရပ်၌ အစောင့်နေထားသော မြန်မာတို့ ကို အိမ်ရှေ့မင်းစစ်ကဲရဲဘော်သည် မြန်မာတို့ သည် မြောက်ဦးမြီု့ သို့  ပြေးဝင်ကြလေ၏။ မြို့ ဝန် နန္ဒပကျန်က တပ်မှုးတပ်သားကိုထွက်တိုက်စေလေသော် အိမ်ရှေ့မင်း စစ်ကဲရဲဘော်သည် နှင့် လူအများကို ဖမ်း၍ရလေလျှင် သတ်လျှက်ပစ်လေ၏။ Continue Reading »

ရခိုင်ပြည်တော်လှန်ရေး

(ဓညစံ)

၁၆ ကြိမ်မြောက် တော်လှန်ရေးနေ့ ကြီးအတွက် ပြည်ထောင်စုတဝှန်းလုံး သတိရကြရန်ဖြစ်သည်။ ဂျပန်တော်လှန်ရေးကို သရုပ်ဖေါ်ရာတွင် ရခိုင်အမျိုးသားတို့ ၏ တော်လှန်ခဲ့ကြပုံကို သီးသီးခြားခြား ဖော်ပြခဲ့လျှင် အချို့ ချို့ သော ပုဂ္ဂိုလ်များအမြင်ကျဉ်းသည်။ အမျိုးသားရေးဆန်သည်ဟု စွပ်စွဲကြမည်ဖြစ်သော်လည်း တော်လှန်ရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသားတို့  သက်စွန့် ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံကို ဖော်မပြလျှင် မဖြစ်ဟု စိတ်ထားမြင့်မြတ်သော မြန်မာအမျိုးသား မျိုးချစ်ပုဂ္ဂိုလ်များက ထင်မြင်ကြမည် မလွဲပေ။ Continue Reading »

ရခိုင်ပြည်တွင် သိရီသုဓမ္မရာဇာမင်းလက်ထက်တွင် လောင်းကြက်စားအမတ်ငကုသလသည် ဗေဒင်အတတ်၊ အင်းအိုင်၊ မန္တန်အတတ်တို့ ကို အထူးတတ်ကျွမ်းသည်။ ယင်းအမတ်ငကုသလသည် မိဖုရားနတ်ရှင်မယ်နှင့် ချစ်ကြိုက်မိသည်။ မင်းကိုပရိယာယ်ဖြင့်သတ်၍ ထီးနန်းကိုလုယူသိမ်းပိုက်ရန်ကြံရွယ်သည်။ သီရိသုဓမ္မရာဇာမင်းကို ဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဤသို့ လုပ်တော်မူပါဟုလျှောက်ရာ မင်းလည်းယုံကြည်၍ ဆိုတိုင်းလိုက်လုပ်မိ၏။ ပညာရှိငလက်ရုံးက ငကုသလ၏မတော်မတရားပြုလုပ်ပုံများကို တင်လျှောက်ပြီးလျှင် ဆေးဝါးပယောဂ၍ အရှင်မင်းကြီးကိုယ်တော်၌ပင် ရောဂါကပ်ရောက်နေပြီဖြစ်ကြောင်း၊ ဤအတိုင်းဆိုလျှင် ခုနစ်လစေ့သောအခါ၌ပင် နတ်ရွာစံရတော့မည်ဖြစ်ကြောင်း သတိပေးလျှောက်ထားခဲ့သော်လည်း မင်းကြီးယုံတော်မမူချေ။ မြို့ တွင်းမြို့ ပြင်တွင် ခလေးများက

၁- မင်းဟရီမှောက်မှား အလားလား ဟရီလည်းသေ ပြည်လည်းကြေ။ Continue Reading »

ထလော့ပြည်သူ

ပြည်သူထလေ့၊ နိုးထလော့

ထလော့ပြည်သူ၊ နယ်ချဲ့ဟူသမျှ

ဆန့်ကျင်ကြရန်၊ မောင်းထုတ်ရန်နှင့်

တွင်းရန်ပြင်ရန်၊ ရန်ဟူသမျှ

တိုက်ကြဖျက်ကြ။

ကျွန်နှစ်သက်ရာ၊ ဘဝတာ၌

တိုင်းပျက်ပြည်ပျက်၊ လူမျိုးပျက်၍

အကျင့်သိက္ခာ၊ ဖျက်ဆီးလာလည်း

သီလမဏ္ဍိုင်၊ ရခိုင်ရက္ခ

စောင့်ရှောက်ကြလော့။

မျိုးဖျက်ရန်သူ၊ အကြံဟူသမျှ

ဆန့်ကျင်ကြ။

နဖူးလက်တင်၊ မစဉ်းစားခင်က

ငါပြောပြမည်၊ အိုပြည်သူ

လက်ဝါးတွင်းဖေါက်၊ ကြီမ်ကြိုးလျှောက်သီ

တစီတတန်း၊ လူသိန်းသန်းနှင့်

သျှင်ပင်မုနိ တုမဟိကို

ဆောင်ယူဘိသည်၊ မြန်မာပြည်သို့

ထိုစဉ်ခါက၊ နန်းအမရ

ပြည်ဌာနဟု ဆိုလတ်၏။ Continue Reading »

”ဧ..ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊ မရေနိုင်ဘဲ၊ ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ဝှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊ မဟာသမတ၊ ခတ္ထိယ၏ ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊ နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊ ကျူးပါကလျှင်း” Continue Reading »

ဗုဒ္ဓဘာသာအတွက် အသက်နှင့်ခန္ဓာကိုယ်ကို အပ်နှံပြိး ဗုဒ္ဓဝါဒပြန့် ပွါးရေးအတွက် ဘဝကိုမြှပ်နှံဆောင်ရွက်ခဲ့သူ ဓမ္မအာဇာနည်ဆရာတော် အသျှင်စန္ဒြမဏီပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာသမိုင်းထဲတွင် မှတ်ကျောက်တင်ခံရလောက်အောင်ထိ စွမ်းဆောင်နိုင်ခဲ့ပေသည်။ အိန္ဒီယနိုင်ငံ၌ ပျောက်ကွယ်လုနိးပါးဖြစ်နေသော ဗုဒ္ဓဘာသာဝင်တို့ ၏ ရုပ်ပိုင်းဆိုင်ရာဗောဓိမဏ္ဌိုင်ကြိးကို အခက်အခဲမျိုးစုံကြားထဲမှ အသက်ကိုပဓါနမထား ကြိုးပမ်းထိမ်းသိမ်းဖော်ထုတ်နိုင်ခဲ့ပေသည်။ ကြိးကျယ်ထက်မြက်သော ဇွဲလုံလ၊ တည်ငြိမ်နက်ရှိုင်းသော သတ္တိဗျတ္တိ၊ မျိုးရိုးဗီဇ၏သွေးတို့ ကြောင့် အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ် ကုသိနာရုံဆရာတော်ကြိး စန္ဒြမုဏိဟု ကမ္ဘာသိထင်ရှားကျောကြားခဲ့ပေသည်။ Continue Reading »

က – ကိုမူကား။ ။ ကဉ္စနပဗ္ပတာ၊ ငွေတောင်သာက၊ ဟင်္သာဝမ်းဘဲ၊ ပျံကျဝဲသည်၊ မစဲရံကာ၊ ရံကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။

ခ – ကိုမူကား။ ။ မြတ်လှသီးခံ၊ ရသေ့ပျံကို၊ အကြံယူမှား၊ မင်းသားပြည်သျှင်၊ ပြစ်မှားလျှင်ကေ၊ ပြည်တော်ဝင်ကာ၊ ဝင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။

ဂ – ကိုမူကား။ ။ ဂန္ဓမာလာ၊ ပန်းနံ့ သာနှင့်၊ လင်ရှာမရ၊ နဂါးမလျှင်၊ နေ့ ညမပြတ်၊ လှည့်ဖျားတတ်သည်၊ သူမြတ်ရွှင်ကာ၊ ရွှင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။

ဃ – ကိုမူကား။ ။ ဃရာဝါသ၊ ကိစ္စများမြောင်၊ လူတို့ ဘောင်ဝယ်၊ ခွါရှောင်ချီပြိး၊ မင်းကြိးတတပ်၊ သားလွတ်လပ်သည်၊ အထွဋ်တင်ကာ၊ တင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။ Continue Reading »

သတိုးအောင်လေ

နတ်မောင်ယောင်္ကျား

ကေသလာလေ

ကြပ်စင်ကျွန်းမှာ

မွီးလို့ ဖွားရေ။

သကြားမြီးဖြူ

စိတ်လည်းတူ

မယူမြီးချစ်

ရွှီကျောင်းတော်မှာ

အလိုလိုက်ကေ

ပန်းမုနိ မြအောင်

ဘောင်မချစ်ကေ

သတိုးအောင်လေ

နတ်မောင်ယောက်ျား

ရွက်အုပ်မြညို

ဖါးပြိုကျွန်းမှာ

မွီးစပ်ထားရေ။ Continue Reading »