ရခိုင်အမွေဓမ္မသတ်လာ အမွေခွဲဝေပုံများ
မိဘဘိုးဘွားတို့ ၏ အမွေဟူသည်ကား သားသမီးမြေးမြစ်တို့ အဖို့  ခံစားအပ်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ အမွေဆိုရာ၌ မိဘဘိုးဘွားပိုင် ဥစ္စာပစ္စည်း ကျွဲနွားဆင်မြင်း၊ လယ်ယာခြံမြေနှင့် အိမ်ယာအဆောက်အအုံ စသည်တို့ ကို ဆိုလိုပါသည်။ မိဘဘိုးဘွားပိုင်အမွေအနှစ်များကို သက်ဆိုင်ရာ သားသမီးမြေးမြစ်တို့ က ဆက်ခံထိမ်းသိမ်းကြရသည်။ ခွဲဝေခံစားကြရသည်။ ဤသည်ပင်လျှင် ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမှူအစဉ်အလာတစ်ရပ်ဖြစ်သည်။
ရှေးရခိုင် ဘိုးဘွားလူကြီးသူမြတ်တို့ သည် အမွေခွဲဝေရာ၌ ရှေးမူရှေးဟန်များကို မပယ်ဘဲ၊ ရှေးထုံးရှေးဟန်များနှင့်အညီ အမွေများကို ခွဲဝေဆုံးဖြတ်ခဲ့ကြသည်။ တရားမျှတမှုရှိအောင်လည်း ဆောင်ရွတ်ခဲ့ကြသည်။ Continue Reading »